Monday, 10 July 2017

yyy

bX-zbqdod


ရယ်သောသူအသက်ရှည်၏
:-) :-) :-) :-) :-) :-)
#Facebook ဟုခေါ်သည် !!

ကောင်လေးက Status တင်လိုက်တယ် ---
"ငါစာသင်ခန်းထဲမှာ Facebook သုံးနေတယ်ကွ ... ဟား ဟား"

ဆရာမက ချက်ချင်း အောက်က Comment ဝင်ရေးလိုက်တယ် ___
"ငါ့အတန်းထဲက ခုထွက်သွားစမ်း"

ကျောင်းအုပ်ကြီးက ဆရာမရဲ့ Comment ကို Like လုပ်လိုက်တယ်။ ပြီးတော့ ___
"အတန်းထဲမှာ စာမလုပ်ဘဲ ... ဘယ့်နှယ့်အေ .. ခေတ်ကာလသားသမီးတွေများ"

သူ့သူငယ်ချင်းကဆက်ရေးတဲ့ Comment က___
"ဒါဆို သားကြီး ဂိမ်းဆိုင်လာခဲ့ကွာ" တဲ့

သူက Like ပြန်လုပ်တော့ ကောင်လေး အမေက ဝင်ရေးတယ် ___
"ဟဲ့ကောင် အိမ်ကိုတန်းတန်းပြန်ခဲ့ .. ဘယ်မှဝင်ဖို့ စိတ်မကူးနဲ့ .. ငါတစ်ယောက်တည်း အိမ်ရှင်းနေရတာ ဝိုင်းလုပ်စမ်း"

အဖေကလည်း ___
"မိန်းမ မင်း သားကို နိုင်အောင်ထိန်းကွာ .. အလုပ်မှာ ဒါတွေဖတ်နေရတာ အာရုံ နောက်တယ်။"

ကောင်လေးရည်းစားကလည်း___ "ကလိန်ကကျစ်ကောင်၊ နင့်အဖွား ကင်ဆာဖြစ်ပြီး သေတော့မှာမို့လို့ ဆေးရုံ စောင့်နေရတယ်ဆို .. ခုတော့ ဂိမ်းဆိုင်သွားဦးမယ် .. မုန်းတယ် မုန်းတယ်၊ နင်နဲ့ပြတ်ပြီ"

အဖွား ဝင်ရေးတာက___
"သေနာကောင်လေး အကျင့်ကိုက နင့်အဖေ ငယ်ငယ်ကအတိုင်းပဲ .. ငါအလတ်ကြီး ရှိသေးတယ် မသေးသေးဘူး"

အဘိုးက ရေးလိုက်တာက___
"ငတ်သေတော့မှာက ငါဟ၊ ဆေးရုံကို ထမင်းချိုင့် လာမပို့ဘဲ Facebook ထိုင်သုံးနေတယ် .. Unfriend လုပ်လိုက်ရ ..." တဲ့ :p

#Crd-www.face.com

Online

https://www.facebook.com/profile.php?id=100011393411968